သူတပါးကို သတ္တ၀ါများကို ကျန်းမာချမ်းသာစေကြောင်း
မေတ္တာပို့သကြသလို ... သူများတွေပို့သနေကြသော မေတ္တာတွေကိုလည်း
ခံယူနိုင်ပါတယ်။ အဲဒီမေတ္တာတွေကိုခံယူပြီး ဆုတောင်းပြုပုံလေးတစ်ခုပါ။
ပျောက်ပျက်မသွားအောင် သိမ်းထားချင်လို့ အခုဘလော့ပေါ်ကို တင်ပါတယ်။ အလိုရှိသူများ ကူးယူအသုံးပြုနိုင်ကြပါတယ
(၁)
သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန်
သကဒါဂါမ် အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော
မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌
ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော်
အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်
ကျွန်ုပ်၏ ကိုယ်တွင်းကိုယ်ပ
နှစ်ဌာနတို့တွင် ရှိကြကုန်သော ၉၆ဖြာသော ရောဂါဝေဒနာ ဟူသမျှတို့သည်
ယခုအချိန်ကစပြီး ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ မရှိကြကုန်သည်
ဟောတု ဖြစ်ရပါစေသား ....
(၂) သူတော်ကောင်းအပေါင်းတို့၏
ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ် အနာဂါမ်အစရှိသော
အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန်တို့သည်
ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌ ၀င်ရောက်ကိန်းအောင်းလျက်
တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော် အာနုဘော်
တန်ခိုးအာနိသင်တို့ကြောင့်
ကျွန်ုပ်၏ မကောင်းသောဘေး၊ မကောင်းသောရန်၊
မကောင်းသောဥပါဒ်အန္တရယ်၊ မကောင်းသောဇာတာပေစာ၊ မကောင်းသောအတိတ်၊
မကောင်းသောနိမိတ်၊ မကောင်းသောအိပ်မက်၊ မကောင်းသောအနိဌာ၊ မကောင်းသောအမင်္ဂလာ
ဟူသမျှတို့သည် ယခုအချိန်ကစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာမှ ရှင်းရှင်းကင်းပ
မရှိကြကုန်သည် ဟောတု ဖြစ်ရပါစေသား ....
(၃)
သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ်
အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော
မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌
ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော်
အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်
ကျွန်ုပ်၏ စားမှု သောက်မှု
ဝတ်ဆင်မှု လုပ်ကိုင်မှု ဟူသမျှတို့၌ မပူမပင် မကြောင့်မကြ မတောင့်မတရဘဲနှင့်
ဣစ္ဆိတံ ပတ္တိတံ (မယှံ) (တုယှံ) ခိပ္ပမေ၀ သမိဇ္ဈတု အလိုရှိအပ်သော ဆုတို့သည်
မကြာချက်ချင်း ယခုလက်ငင်း ပြည့်စုံရပါစေသား။
(၄)
သူတော်ကောင်းအပေါင်းတို့၏ ပို့သကြကုန်သော မေတ္တာတော်အဟုန် သောတာပန် သကဒါဂါမ်
အနာဂါမ်အစရှိသော အရိယာသူတော်စင်အပေါင်းတို့၏ ပို့သကြကုန်သော
မေတ္တာတော်အဟုန်တို့သည် ကျွန်ုပ်၏ ရင်တွင်းနှလုံးသား၌
ဝင်ရောက်ကိန်းအောင်းလျက် တစ်ကိုယ်လုံးပျံ့နှံ့ပြီးလျှင် ထိုထိုသောမေတ္တာတော်
အာနုဘော် တန်ခိုးအာနိသင်တို့ကြောင့်
ကျွန်ုပ်၏ စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်းဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရောက်ကြောင်းမှန်သော
ဝိပဿနာတရားထူးတရားမြတ်ကို အလွယ်တကူနှင့် အားထုတ်နိုင်ပြီး ယခုဘ၀၌ပင်လျှင်
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဘ၀သို့ အလွယ်တကူနှင့် ကူးရောက်နိုင်ပြီး
နိဗ္ဗာန် ချမ်းသာကြီးကို ရပါစေသား ရောက်ပါစေသား။
No comments:
Post a Comment